Silicon Valley ဆိုတာ Google တို့ Apple တို့ လို ကမ္ဘာ့အကြီးဆုံး နည်းပညာ Company ကြီးတွေ အစပြုရာ ဌာနေ၊ အမေရိကန်စီးပွားရေးရဲ့ အသက်သွေးကြော၊ ကမ္ဘာပေါမှာ နည်းပညာ သမားတွေအတွက် ဝင်ငွေအမြင့်ဆုံး နဲ့ အလုပ်အကိုင် အခွင့်အလန်း အများဆုံးနေရာ၊ ယနေ့ခေတ် ကမ္ဘာကြီးကို ချယ်လှယ်နေသော Technology Company တွေ တစ်စုတဝေးထဲ တည်ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီဒေသမှာ အလုပ်လုပ်တဲ့ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ဝင်ငွေဟာ ကမ္ဘာထိပ်တန်းမှာ ရှိတာနဲ့ အညီ ဒီဒေသမှာ ရှင်သန်ဖို့ နေထိုင်စားရိတ်ကလဲ မသေးလှပါဘူး။ Covid-19 Pandemic မဖြစ်ခင်က ဆိုလျှင် San Francisco Bay Area မှာ သာမန်အိမ်တစ်လုံး တန်ကြေး အနဲဆုံး $1.5 millions လောက်ရှိသလို တစ်လအိမ်ငှားခ ကလဲ Silicon Valley မှာဆိုရင်အနဲဆုံး တစ်လ$4000 လောက် ရှိသမို့ တစ်လဝင်ငွေ အနဲဆုံး $10000 ဝန်းကျင်လောက် ရတဲ့ လူတွေလောက်ပဲ အသက်ရှုချောင်ကြပါတယ်။
အခု Covid-19 ဖြစ်တော့ Twitter တို့ Facebook တို့လို Technology Company ကြီးတွေက သူ့employee တွေကို Work-from-home ပေးပြီး ဆက်Run ကြရပါတယ်။ Tech worker တွေကို ရုံးလာစရာမလိုပဲ အိမ်ကနေ အလုပ်လုပ်ခိုင်းရာမှာ အလုပ်သမားတွေအနေနဲ့ အိမ်ကနေ အလုပ်ကို လာရမယ့် Transportation time မကုန်သလို Company တွေဖက်ကလဲ နေရာစားရိတ်၊ ဝန်ထမ်းတွေကို ကျွေးရမယ့် စားရိတ်တွေ သက်သာတာ တွေ့ရသလို အလုပ်လဲ ပိုမိုပြီးမြောက်သမို့ Work-from-Home ဟာ Employer အတွက်ကော Employee တွေအတွက်ပါ Win-Win situation ဖြစ်နေလေတော့ Tech Giant ကြီးတွေကိုယ်တိုင်က သူ့ Employee တွေကို ဒီ Pandemic ပြီးသွားလျှင်ပင် Work-From-Home ကို permanent option အဖြစ်ရွေးချယ်ခွင့်ပေးလိုက်ကြနေလေတော့ Tech worker တွေအနေနဲ့ ရတဲ့လစာကလဲ အတူတူ၊ သွားရလာရစားရိတ်လဲ မကုန်တဲ့ အပြင် အိမ်မှာ ကိုယ့်မိသားစုကို အချိန်ပေးရင်း အလုပ်လုပ်လို့ရသမို့ တော်တော်များများ Work-From-Home option ကိုပဲ ရွေးချယ်ကြလေတော့သည်။
ဒီထက်ပိုထူးတာက တစ်ချို့ဆို ဒီဒေသမှာ စားရိတ်ကြီးကြီး အကုန်ခံပြီး နေမည့်အစား ကုန်ကျစားရိတ်သက်သာသည့် အခြား ပြည်နယ် အခြားမြို့ငယ်လေးတွေကို တရွေ့ရွေ့ပြောင်းရွှေ့ ကုန်ကာ ရောက်လေရာ နေရာမှ ဒီက Company ကိုအလုပ်လှမ်းလုပ်ဖို့ ပြင်ဆင်ကြတော့သည်။ အကျိုးဆက်အနေနဲ့ကတော့ High-income Tech worker များထွက်သွားသ
ည်နှင့်အမျှ SF Bay area တွင် နေထိုင်စားရိတ်၊ အိမ်ငှားခ နဲ့ အိမ်တန်ကြေးများ အဆမတန် များပြားနေရာမှ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာပါလိမ့်မည်ဟု ခန့်မှန်းမိပါသည်။ SF Bay Area တွင်အိမ်ဝယ်ရန် plan ရှိသူများလည်း အခုအချိန်ကထဲက အခွန်များများဆောင် ငွေဖြူများများပြကာ ပြင်ဆင်ထားကာမှ နောက် ၂ နှစ် 3 နှစ် အကြာတွင် အိမ်ဝယ်ရန် အဆင်သင့်ဖြစ်နေပါလိမ့်မည်။
#LewisAung (Lewis Aung Taxes & Insurance)
Comentarios